ကောလာဟလတွေအားလုံးက အမှန်တွေပါ

၆ ဖေဖော်ဝါရီ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စတင်လို့ ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း သတင်းတွေ စတင်ပေါ်ထွက်လာခဲ့တဲ့ ရုပ်သံသရုပ်ဆောင် တစ်ဦးဖြစ်ပြီး ဗြူးတီးဘလော့ဂ်ဂါ တစ်ဦးလည်းဖြစ်တဲ့ ကန်ဒဲလ်ဂျန်နာဟာ လတ်တလောမှာတော့ သမီးလေး မွေးဖွားခဲ့ပြီ ဖြစ်ပါတယ်။ ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ကန်ဒဲလ်ဂျန်နာဟာ ကောလာဟလတွေကို လျစ်လျူရှုခဲ့ပြီး ကိုယ်ဝန်လွယ်ထားရစဉ်မှာလည်း အများရှေ့မှောက် ပေါ်ထွက်ခဲ့ခြင်း မရှိခဲ့ပါဘူး။
 
ကိုယ်ဝန်နုစဉ် သူ့ကို မီဒီယာ စာမျက်နှာတွေပေါ်မှာ တွေ့ခဲ့ရစဉ်ကလည်း သူဟာ အကာအကွယ်ပေးနိုင်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားပြီး ကောလာဟလတွေကိုလည်း တုံ့ပြန်ခဲ့ခြင်းမရှိသလို ရင်သွေးလေးရနေပြီ ဖြစ်ကြောင်းကိုလည်း အတည်ပြုပေးခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် လတ်တလောမှာတော့ ကိုယ်ဝန်လွယ်ထားရစဉ်က ရိုက်ကူးထားတဲ့ သူ့ရဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေနဲ့အတူ ရင်သွေးလေး မွေးဖွားခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်လာကာ ပေါ်ထွက်ခဲ့တဲ့ ကောလာဟလတွေအားလုံး အမှန်တွေဖြစ်ကြောင်း လှစ်ဟခဲ့ပါတယ်။
 
တေးသံရှင်တစ်ဦးဖြစ်တဲ့ ထရားဗစ် စကော့ထ်နဲ့ ကန်ဒဲလ်ဂျန်နာတို့ရဲ့ ပထမဆုံး ရင်သွေးလေးကတော့ သမီးလေးဖြစ်ပြီး ကန်ဒဲလ်ဂျန်နာ လတ်တလောထုတ်ဖော်ပြခဲ့တဲ့ သူ့ရဲ့ပုံရိပ်တွေမှာ စိန်လက်စွပ်တစ်ကွင်း ဝတ်ဆင်ထားတာကို တွေ့ခဲ့ရပြီးတဲ့နောက် သူတို့နှစ်ဦး စေ့စပ်လိုက်ပြီဖြစ်ကြောင်း ကောလာဟလတွေ စတင်လာခဲ့ ပြန်ပါတယ်။
 
အေးပြည့်
စုစည်းသည်