ကောလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားထီးတော်မြေခပြီး လူနေအိမ်အချို့ အမိုးလန်ပျက်စီး

ကောလင်း  ၇  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် မြောက်အင်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ချမ်းသာကြီးဘုရား ထီးတော်မြေခပြီး ကျော်ဇေယျာ(၁)ရပ်ကွက်တွင် လူနေအိမ် ၁လုံး၊ ပြင်ဦးလွင်ရပ်ကွက်တွင် လူနေအိမ် ၃အိမ်၊ ကျေးရွာအုပ်စု ၈အုပ်စုတွင် လူနေအိမ် ၁၅အိမ် အမိုးလန် ပျက်စီးခဲ့ကြောင်း ကောလင်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးဌာနမှသိရှိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီးခဲ့သည့် ကျေးရွာများသို့ ကောလင်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးရဲမြတ်သိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည့် အကူအညီများ ရရှိနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

၎င်းအပြင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအလိုက် မူတည်ပြီး ဆောက်လုပ်မှု ကုန်ကျစရိတ်နှင့် ဆန်ရိက္ခာဖိုးများကို အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)