ကောလင်းမြို့နယ်အတွင်းမှ wy စိတ်ကြွဆေးပြား ၂၀၀ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ် ကညွတ်အင်းကျေးရွာနှင့် လျှော်ဖြူကုန်းကျေးရွာကြား နေရာမှ wy စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း သိရပါသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက ကောလင်းမြို့နယ် ခန်သာနယ်မြေ ရဲကင်းစခန်းမှူး ရဲအုပ် စိုးသိန်းအောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကောလင်းမြို့နယ် ကညွတ်အင်းကျေးရွာနှင့် လျှော်ဖြူကုန်း ကျေးရွာတွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် မင်းဇော်ခိုင် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းဝတ်ဆင်ထားသော အင်္ကျီအိတ်ကပ်အတွင်းမှ wy စိတ်ကြွဆေးပြား ၂၀၀၊ ကာလတန်ဖိုးငွေကျပ်(၁၀)သိန်း ရှာဖွေစစ်ဆေး တွေ့ရှိရသဖြင့် မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင်သူ မင်းဇော်ခိုင်၊ လျှော်ဖြူကုန်းကျေးရွာ၊ ကောလင်းမြို့နယ် နေသူအား ခန်သာ နယ်မြေရဲကင်းစခန်းမှ မူးယစ်ဆေးဝါး ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)