ကော့မှူး၌ လမ်းဖြတ်ကူးသူအား မော်တော်ယာဉ်ဝင်တိုက်

ကော့မှူး  ၁၀  ဇူလိုင်        


ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ဇရပ်ကုန်ကျေးရွာ၌ ဇူလိုင် ၉ ရက်နံနက်က လမ်းဖြတ်ကူးသူအား ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှ အောင်တေဇာဦး မောင်းနှင်သော ယာဉ်အမှတ် YGN 6E/ ----- ခဲရောင်ယာဉ်သည် ဇရပ်ကုန်းကျေးရွာ မိုင်တိုင်အမှတ် (၁၀/၅) နီးအရောက်တွင် လမ်းဖြတ်ကူးသည့် ဒေါ်တင်မြအား ဝင်ရောက်တိုက်မိသဖြင့် ဒေါ်တင်မြတွင် ဒဏ်ရာများ ရရှိကာ ကော့မှူးဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအောင်တေဇာဦးအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ကျော်သူရ(ကော့မှူး)