ကျောင်းကုန်းမြို့ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေး စုပေါင်းဆောင်ရွက်

ကျောင်းကုန်း  ၇  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအားလုံးတွင် သွေးလွန်တုပ်ကွေးကာကွယ် နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊  ဖွင့်၊ မြုပ်၊ ရှင်း၊ မှုတ် လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။ 

 

အမှတ်(၁)ရပ်ကွက်အတွင်းရှိ အ.ထ.က(၁)၊ အ.မ.က ကံ့ကော်ကျောင်းနှင့် အမှတ်(၂)ရပ်ကွက်အတွင်းရှိ အ.မ.က မြို့မကျောင်းတို့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိဘများနှင့် ကျောင်းသား/ကျောင်းသူများက ရေဝပ်နိုင်သည့် ပစ္စည်းများအား ဖယ်ရှားကာ အဘိတ်ဆေး ခပ်ပေးခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)

 

1.25