ကျောင်းကုန်းမြို့နယ်၌ ယနေ့နံနက်အစောပိုင်းက မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ရာ ခုနစ်ဦး ဒဏ်ရာရ

ကျောင်းကုန်း ၃  သြဂုတ် 


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွမ်းခြံကုန်းအုပ်စု၊ မီးသွေးတိုက်ကျေးရွာအနီးတွင် ယနေ့နံနက် ၂ နာရီအချိန်က အရှိန်လွန်မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ချစ်ဦး မောင်းနှင်ပြီး၊ ယာဉ်ပေါ်တွင် ခရီးသည်(၇)ဦး လိုက်ပါလာသော ဖြူ/စိမ်း မော်တော်ယာဉ်သည် အရှိန်မထိမ်းနိုင်ဘဲ လမ်းမပေါ်တွင် ကန့်လန့်လဲကျတိမ်းမှောက်ခဲ့ကာ သုံးဦးမှာ စိုးရိမ်ရပြီး၊ ကျန်လေးဦးမှာ မစိုးရိမ်ရသည့်ဒဏ်ရာများ အသီးသီးရရှိသွားကြသဖြင့် လူကိုထိခိုက်နာကျင်စေသူ ယာဉ်မောင်းအား ကျောင်းကုန်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း  သိရသည်။


ဝင်းကြိုင်(ပြန်/ဆက်)