ကျောင်းကုန်းမြို့နယ်တွင် စတုတ္ထတန်း Grade-4 သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

ကျောင်းကုန်း  ၁၅   ဇွန်

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္ထတန်း Grade-4 သင်ရိုးသစ် မြို့နယ်အဆင့် (Face  To  Face) သင်တန်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စတင်ပို့ချ ပေးလျက်ရှိသည်။

 

ကျောင်းကုန်းမြို့တွင် ဆရာ ဆရာမများအား နေရာ(၃)နေရာခွဲကာ သင်ကြားပေးလျက်ရှိပြီး အထက(၁)၌ ၄၁၇ ဦး၊ အ.ထ.က(၂)၌ ၂၅၅ ဦးနှင့် အ.ထ.က ဒေါင့်ကြီး၌ ၂၀၂ ဦး စုစုပေါင်း၈၇၄ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ သင်တန်းကလမှာ (၇)ရက်ကြာ ပို့ချသင်ကြားပေးမည် ဖြစ်ကြောင်း မြို့ နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

အဆိုပါသင်တန်းကို နည်းပြ ၈၈ ဦး၊ ကြီးကြပ်သူ ၁၇ ဦးနှင့် သင်တန်းမှူးရုံးအဖွဲ့ ၁၂ ဦးဖြင့် သင်တန်းသား ဆရာ/ဆရာမများအား အပူချိန်တိုင်းပေးခြင်း၊ စာသင်နေချိန်တွင် နှာခေါင်းစည်းများတပ်ဆင်စေခြင်း၊ လူစုလူဝေးမဖြစ်စေရန် ခြောက်ပေစီခွာ၍ သင်ကြားစေခြင်းဖြင့်လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ မကူးစက်စေရန် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)