ကျောင်းကုန်းမြို့တွင် မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှု

ကျောင်းကုန်း ၂၈ ဇူလိုင်

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးကြမည့် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့မှ ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်များ အမည်စာရင်းကို ဇူလိုင် ၂၅ ရက် နံနက်ပိုင်းမှ စတင်၍ ကျောင်းကုန်းမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာ ၁၂၅ နေရာ၏ သတ်မှတ် နေရာများတွင် ကြေငြာထားသည်။

 

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းကို (၁၄)ရက်ကြာ ကြေငြာပေးသွားမည်ဖြစ်ပြီး၊ ပြည်သူများ သိရှိနိုင်ရန်နှင့် လာရောက်ကြည့်ရှုနိုင်ရေးကို အသိပေး နှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)