ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကြို့ပင်ကောက်   အောက်တိုဘာ   ၄

ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

 ကြို့ပင်ကောက်မြို့နယ်ရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း ၃၇ ကျောင်းမှ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူ ၄၀၉၆ ဦးအား ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးရန် စုရပ် ၁၀ နေရာအဖြစ် အထက ပန်းတင်ကျောင်း၊ အထက ဘုရင့်နောင်ကျောင်း၊ အထက ရွှေပန်းတောကျောင်း၊ အထက လယ်တီကျောင်း၊ ထခွဲ လှေတုန်း၊ ထခွဲ ရှားပင်ထ၊ ထခွဲ ကျခတ္တန်းကြီး၊ ထခွဲ သပြုပင်၊ ထခွဲ တောင်ရိုးကွင်းနှင့် အလက ရှမ်းကွင်းကျောင်းတို့အား သတ်မှတ်ထားကြောင်း၊ ကာကွယ်ဆေးမထိုးပါက ကျောင်းတက်ရောက်ခွင့် မပြုကြောင်း၊ ကျောင်းသား မိဘများအနေဖြင့် ကျောင်းသား ကျောင်းသူများ ကျန်းမာစွာ ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက ပြောကြားသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)