ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး မြို့အဝင်အထွက် ဂိတ်များတွင် စဉ်ဆက်မပြတ် စစ်ဆေး

ကော့သောင်း ၊   ၁၀    ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မြို့အဝင်အထွက် ဂိတ်များတွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိရာ နေ့စဉ် မြို့အဝင်အထွက် ဂိတ်များမှ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူများကို နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်း၊ ကိုယ်ပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေး၊ မြို့တွင်းသို့ ဝင်ရောက်မည့် မော်တော်ယာဉ်ပေါ်ပါ ခရီးသည်နှင့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကို နှာခေါင်းအာခေါင်တို့ဖတ်နမှုနာ ရယူစစ်ဆေးခြင်းများ  ဆောင်ရွက်လျက် ရှိသည်။

 

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်တွင် ကျန်းမာရေး စစ်ဆေးခြင်းအပြင် ခရီးသွားရာဇဝင် မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ထောက်ခံချက်ပါရှိမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး ခရီးသွားလာခြင်း လျှော့ချရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)