ကော့သောင်းမြို့၌ တောမီးလောင်မှုဖြစ်ပွား

ကော့သောင်း ၊   ၁၄  ဇန်နဝါရီ  

 

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် ၊ ရန်ကြီးအောင် ၆ လမ်း၊ အဘယရာမ ဘုန်းကြီးကျောင်း၏ အနောက်ဘက်ရှိ ၁၁၉၉ တောင်ပေါ်တွင် ယမန်နေ့ ညနေပိုင်းက တောမီးလောင်ကျွမ်းမှု ဖြစ်စဉ်တစ်ခုဖြစ်ပွားသည်။

 

ဖြစ်စဉ်မှာ တောမီးလောင်ကျွမ်းသည့်နေရာ၌ ဥယျာဉ်ခြံစိုက်ပျိုးသီးနှံအဖြစ် ရာဘာ စိုက်ခင်းများနှင့်နီးစပ်လျက်ရှိပြီး အဆိုပါ နေရာတစ်ဝိုက် ပူးပြင်းခြောက်သွေ့မှုကြောင့် ကိုင်းပင်ချုံပင်များခြောက်သွေ့နေရာ စည်းကမ်းမဲ့သူတစ်ချို့၏ ဆေးလိပ်မီး မဆင်မခြင်စွန့်ပစ်မှုကြောင့် ချုံပင်များမှတစ်ဆင့် အနီးအနား ခြောက်သွေ့နေသည့် ချုံပုတ်များသို့ လေတိုက်မှုပင့်အားကြောင့် မီးစတင်ကူးစက် လောင်ကျွမ်းခြင်းဖြစ်သည်။ မီးလောင်မှု များလာသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက  အရေးပေါ်သွားရောက်ငြိမ်းသတ်ခဲ့ရပြီး  မိနစ်သုံးဆယ်ခန့်အကြာတွင် ငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

မီးလောင်ကျွမ်းမှုကြောင့် အနီးအနားလူနေအိမ်များသို့ ကူးစက်လောင်ကျွမ်းမှု မဖြစ်ပွားခဲ့သော်လည်း   မီးလောင်မှုဖြစ်ပွားစဉ်တိုင်း  တောင်ကြောတစ်လျှောက်စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံစိုက်ခင်းများ မီးလောင်ဆုံးရှုံးမှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် မီးသတိပြုကြရေး ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် မီးသတ်ဦးစီးဌာနမှ မြို့နေပြည်သူများသို့ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)