ကော့သောင်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

ကော့သောင်း ၂၄ မေ

ကော့သောင်းမြို့နယ်၊ဘောလုံးအဖွဲ့ချုပ်နှင့် SBK ဖူဆယ်ဘောလုံးကလပ်တို့ပူးပေါင်းကျင်းပသည့် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ Grang Pening အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ နိုင်ငံတကာအဆင့်မှီSBK မြက်ခင်းတုဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

 

mdn

 

ပြိုင်ပွဲအခမ်းအနားအား ကော့သောင်းမြို့နယ်၊ ဘောလုံအဖွဲ့ချုပ်နာယကနှင့် SBK ဖူဆယ်ဘောလုံးကလပ် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကော့သောင်းမြို့နယ်၊ ဘောလုံအဖွဲ့ချုပ် နာယက၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွင့်ပွဲစဉ် ဆယ်မိုင်ကျေးရွာဖူဆယ်ဘောလုံးအသင်းနှင့် ရွာသာယာကျေးရွာ ဖူဆယ်ဘောလုံး အသင်းတို့ စတင်ယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေးခဲ့သည်။

 

mdn

 

ပြိုင်ပွဲတွင် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဝင်  အသင်း (၁၅)သင်း မှ အုပ်စု(၃)စု  ခွဲ ကာ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် မေလ (၃၀)ရက် အထိယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ကျော်စိုး(ကောသောင်း)