ကော့သောင်းနှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  မတ် ၂

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် ညနေ ၄ နာရီတွင် ကော့သောင်းမြို့နယ်၊ (၁၀)မိုင်ကျေးရွာအုပ်စု၊ (၉)မိုင်ကျေးရွာ၊ ဗိုလ်ချုပ်လမ်းနေ ကျော်မင်းဦး(ခ)ညီမင်းဦး ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅,၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁၂ နာရီတွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် ကျော်စိုးမိုး မောင်းနှင်လာသောမော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၁,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား