ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ပင်လည်ဘူး  ၁၀ ဇန်နဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ နောင်ပူအင်းကျေးရွာအုပ်စု ဂွေးချို ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆိုလာမီးဖြင့် ကျေးရွာ မီးလင်းရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းပြီးစီးမှု အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

8520

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့် အဖွဲ့သည် ဇန်နဝါရီ ၉ ရက်က ဆိုလာပြားများ တပ်ဆင်ပြုလုပ်ထားသည့်အခြေအနေ၊ ကျေးရွာတွင်း  မီးတိုင်၊ မီးကြိုး၊ မီးသီးနှင့် မီးခလုတ်များ တပ်ဆင်ပြုလုပ်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

74123696

 

အဆိုပါကျေးရွာတွင် အိမ်ခြေ ၁၂၅ အိမ်ရှိပြီး ကျေးရွာ မီးလင်းရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေ ၆၀ ရာခိုင်နှုန်း၊ ကျေးရွာပြည်သူမှ ၂၀ ရာခိုင်နှုန်း၊ Company မှ ၂၀ ရာခိုင်နှုန်း ဖြင့် Mandalay Yoma Energy Co.,Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အိမ်တိုင်း မီးလင်းရေးအတွက် ဆိုလာပြား တစ်ချပ်ကို ဝပ် ၄၀ဝ အားဖြင့် ဆိုလာပြား ၁၈၀ တပ်ဆင်ထားပြီးဖြစ်ကာ ကျေးရွာမီးလင်းရေးလုပ်ငန်းကို ဇန်နဝါရီလ တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ဂွေးချိုကျေးရွာတွင် ဆိုလာမီးဖြင့် ၂၄ နာရီ မီးရရှိတော့မည် ဖြစ်ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)