ကျေးရွာများတွင် ငါးလုပ်ငန်းများစည်းကမ်းချက်နှင့်အညီ လုပ်ငန်းများဆောင်ရွက်နေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပုသိမ်၊  ၁၈  ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏လမ်းညွှန်ချက်ဖြင့် ပုသိမ်မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်းများသည် ပုသိမ်မြို့နယ် ထိန်တန်းချောင်း၊ ဖရဲချောင်းများနှင့် လက်ပန်ကျေးရွာ၊  ရွှေတွင်းတူးကျေးရွာ၊ ဇရပ်ဆိပ်ကျေးရွာ၊ မြင်းကကွင်းကျေးရွာ၊ ရွှေလေးချောင်ကျေးရွာ၊ ပိန်ညှင်းကွင်းကျေးရွာများသို့ ဒီဇင်ဘာ  ၁၈  ရက်က ကွင်းဆင်းသွားရောက်ပြီး  ရေလုပ်သားများ၊ တာဝန်ခံအပါအဝင် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ငါးဖမ်းကိရိယာလိုင်စင်များရယူ၍ စည်းကမ်းနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ရန်၊ ဌာနမှသတ်မှတ်ထားသော ငါးဖမ်းပိုက်ကွက်များဖြင့် စနစ်တကျလုပ်ကိုင်ရန်နှင့် တရားမဝင်ငါးဖမ်းဆီးခြင်းများဖြစ်သော ဘတ္ထရီရှော့တိုက်ခြင်း၊ ဆေးအဆိပ်ချ ငါးဖမ်းခြင်းများ မရှိစေရေးအတွက် အသိပညာပေး ပိုစတာများ ပေးဝေခြင်းနှင့် ရေလုပ်သားများအနေဖြင့် COVID-19 ကပ်ရောဂါမှ ကာကွယ်ရေး၊ ကျန်းမာရေး နှင့်ညီညွတ်စေရန် mask များ အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။ 

MDN