ချစ်သူရရှိသွားပြီလို့ လေဒီဂါဂါ ဝန်ခံပြောကြား

၅ ဖေဖော်ဝါရီ

 

ဖေဖော်ဝါရီ ၃ ရက်မှာတော့ ပေါ့အဆိုတော် လေဒီဂါဂါဟာ ချစ်သူရရှိ သွားပြီဖြစ်ကြောင်းကို သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ ကြေညာခဲ့ပါတယ်။ အခုဆိုရင် မိုက်ကယ်ပိုလန်စကီးနဲ့တွဲနေပြီလို့ တရားဝင် အသိပေးခဲ့ပါတယ်။ မိုင်ယာမီကို သွားတုန်းကလည်း ပျော်ရွှင်စရာအချိန်တွေ အများကြီးရခဲ့ပြီး ချစ်သူနဲ့အတူ တွဲရိုက်ထားတဲ့ပုံကိုလည်း ပြသခဲ့ပါတယ်။ အော်စကာဆုရှင် လည်းဖြစ်တဲ့ လေဒီဂါဂါနဲ့သူ့ချစ်သူဟာ တစ်ဦးနဲ့ တစ်ဦးအလွန်ချစ်ခင်နေ ကြတဲ့ပုံပေါ်ပါတယ်။

 

လေဒီဂါဂါရဲ့ ချစ်သူဖြစ်တဲ့ မိုက်ကယ်ပိုလန်စကီးကတော့ ဆန်ဖရန်စစ္စကို အခြေစိုက် Parker Group ရဲ့ စီအီးအိုလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက် တွဲနေတယ်ဆိုတာကို အခုတစ်ကြိမ်ကျမှ လူတွေသတိထားမိတာမဟုတ်ပါဘူး။ နှစ်သစ်ကူးညတုန်းကလည်း အတူတူရှိခဲ့ကြပါတယ်။ ဘယ်သူဘယ်ဝါမှန်း အတိအကျမသိသေးပေမယ့် လေဒီဂါဂါဟာ တစ်ယောက်ယောက်နဲ့တွဲနေတယ် ဆိုတာကိုတော့ လူတွေသတိထားခဲ့မိကြပါတယ်။ မိုက်ကယ်ပိုလန်စကီးနဲ့ မတွဲခင်တုန်းကလည်း လေဒီဂါဂါဟာ အသံသွင်း အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဒန်ဟောတွန်နဲ့ တွဲခဲ့ဖူးပါတယ်။ သူတို့ရဲ့ အချစ်ခရီးလမ်းဟာ မရှည်ကြာဘဲ သုံးလနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

 

အီးနယူးစ်