ချောင်းသာ ဟိုတယ်ဇုန်၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်

နေပြည်တော်  ၂၆  ဇူလိုင် 

 

ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုသိမ်ရုံးခွဲနှင့် Love Myanmar, Gret Myanmar မှ စီစဉ် ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲကို ဇူလိုင် ၂၅ ရက် ချောင်းသာကမ်းခြေ၊ Amazing Chaung Tha Resort ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

 အဆိုပါ ဟိုတယ်ဝန်ဆောင်မှုသင်တန်းတွင် အိပ်ခန်းဆောင်ထိန်းသိမ်းရေးဘာသာရပ်၌ သင်တန်းသား (၂၇) ဦး၊ ဧည့်ကြိုဘာသာရပ်၌ သင်တန်းသား (၂၆) ဦး၊ အစားအစာနှင့် ဧည့်ခံကျွေးမွေးရေး ဘာသာရပ်၌ သင်တန်းသား (၂၁)ဦး၊ စုစုပေါင်းသင်တန်းသား (၇၄) ဦး တက်ရောက်လျှက်ရှိသည်။

 

အဆိုပါသင်တန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်တည်းခိုရိပ်သာများ ဝန် ဆောင်မှု အဆင့်အတန်း တိုးတက်ကောင်းမွန်စေရန်၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်စေရန်နှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း လူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးတိုးတက် ရေးကိုအထောက်အကူပြုနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

MDN