ချောင်းဦးမြို့နယ် (SMU)ဆူးလေကုန်းကျေးရွာ၌ လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် (SMU)ဆူးလေကုန်းကျေးရွာ၌ လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဆူးလေကုန်းကျေးရွာSMU ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ရေချိုး၊ အဝတ်လျှော်၊ ပန်းကန်ဆေး၊ လက်ဆေးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခရင်၊ ကိုယ်တိုက်ဆပ်ပြာခဲ၊ မျက်နှာသစ်ဆပ်ပြာခဲ၊ မှန်ကြည်ဆေး၊ ရေမလို လက်သန့်ဆေးရည်၊ အနံ့ဆိုးပျောက်ဆပ်ပြာ၊ ကြွေပြားသန့်စင်ဆေးရည်၊ Day Cream၊ Night Cream၊ Hair Gel၊ Hair Coat စသည့် လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှု နည်းပညာများ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ ဦးရေ (၁၅)ဦး တက်ရောက်ကာ သင်တန်းကာလမှာ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၆ ရက်ထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

အိအိစိုး (ချောင်းဦး)