ခေါင်လန်ဖူးမြို့နယ်တွင် ကိုဗစ်-၁၉‌ ရောဂါ ကြိုတင်ကာကွယ်နိုင်‌ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ခေါင်လန်ဖူး  ၁၇  ဇူလိုင်

 

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ် နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့က ကျေးရွာ(၇)ရွာတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ခေါင်လန်ဖူးမြို့နယ် ကျန်းမာရေးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဂွမ်ဆိုင်းလီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံလူငယ်များ ပူးပေါင်း၍ ထရီဝမ်ကောင်၊ ဝါ့ခယ်၊ နန်ဆယ်၊ ထာလားလော်၊ ရီဒမ်း၊ ဖူးလွမ်းနှင့် နုဝမ်ကောင် ကျေးရွာများရှိ ပြည်သူများကို ကျန်းမာရေးအသိပညာပေး ပြောကြားကာ နှာခေါင်းစည်း အခု ၈၇၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)