ခေါင်လန်ဖူးမြို့ပေါ်ရပ်ကွက်များ သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူ(၁၂၀)ဦးခန့် စုပေါင်းသန့် ရှင်းရေးဆောင်ရွက်

ခေါင်လန်ဖူး  ၁၅   ဖေဖော်ဝါရီ   


ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့တွင် မြို့ပေါ်ရပ်ကွက်များသန့်ရှင်းသာယာလှပရေး အတွက် ဖေဖော်ဝါရီ(၁၅)ရက်နံနက်(၇)နာရီမှစတင်၍ ပြည်သူ(၁၂၀)ဦးခန့်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်း၊ ခလရ(၄၆) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းအောင်တို့ဦးဆောင်မှုဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၁၂၀)ဦးခန့်က ရေစီး ရေလာကောင်းမွန်စေရန် ရေမြောင်းများတူးဖော်ခြင်း၊ ပြုပြင်ရန်လိုအပ်သော ရပ်ကွက်လမ်းများကိုပြုပြင်ခြင်း၊ ရေနုတ်မြောင်းများဖောက်ခြင်း၊ လမ်းဘေးဝဲယာရှိအမှိုက်များကောက်ခြင်းလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)