ချီဖွေမြို့မှ (၅)မိုင်ခန့်အကွာ ချီဖွေ - မြစ်ကြီးနားသွား ကားလမ်းဘေးတွင် ၁၂ ဘီးယာဉ် ဆီဘောက်ဆာကား(ဆီမပါ) အရှိန်လွန် တိမ်းမှောက်

ချီဖွေ    ၃    ဇူလိုင်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်မှ (၅) မိုင်ခန့်အကွာ ချီဖွေ - မြစ်ကြီးနား ကားလမ်းဘေးတွင် ယမန်နေ့ ညနေ ၆ နာရီခွဲက ဆီဘောက်ဆာကား(ဆီမပါ) (၁၂)ဘီးယာဉ် (ဒေါင်ဖန်း အမျိုးအစား)တစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၆ နာရီခွဲခန့်က ချီဖွေ - မြစ်ကြီးနား သွားရာလမ်း ယာဉ်မောင်း ဦးဇော်ထွန်း(၄၇)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးတင်ကိုကိုအောင် လိုက်ပါလာသည့် ၁၂ ဘီး ယာဉ်(ဒေါင်ဖန်းအမျိုးအစား)၊ ယာဉ်အမှတ် 9Q----- ဂါလန် ၃၈၀၀ဆံ့ ဆီဘောက်ဆာကား (ဆီမပါ) ယာဉ် သည် ပန်ဝါမြို့၊ ဆီပို့ပြီး ဝိုင်းမော်မြို့သို့ ပြန်လာစဉ် ချီဖွေမြို့အထွက် (၅)မိုင်ခန့်အကွာ ချီဖွေ- မြစ်ကြီးနား ကားလမ်းဘေးတွင် အရှိန်လွန်ကာ လမ်းဘေးချောက်ထဲထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက် ဦးတင်ကိုကိုအောင် ညာဘက်ညှပ်ရိုး အနည်းငယ် ထိခိုက်(မစိုးရိမ်ရ) ဒဏ်ရာရရှိ၍ ချီဖွေမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ ယာဉ်မောင်း ဦးဇော်ထွန်း(၄၇)နှစ် ကချင်စုရပ်ကွက်၊ မြစ်ကြီးနားမြို့နေထိုင်သူအား ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် ချီဖွေမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)