ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ချီဖွေ  ဇူလိုင် ၅

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်နိုင်ရန် အတွက် မြို့ပေါ်ရပ်ကွက်ရှိ စည်ပင်သာယာစျေး၊ လမ်းဆုံနေရာများတွင် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များက  စည်ပင်သာယာစျေး၊ လမ်းဆုံ နေရာ၊ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိ လမ်းသွားလမ်းလာပြည်သူများ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ မြို့အဝင်ကျန်းမာရေး စစ်ဆေးဂိတ်များတွင် လက်သန့်ဆေးရည် အသုံးပြုစေခြင်း၊ နှာခေါင်းစည်း များစနစ်တကျ တပ်ဆင်စေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့် စည်းကမ်းချက် များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း(Mask) (၈၀၀)ခုနှင့် လက်အိတ် (၈၀၀) ကျော် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

ချီဖွေမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချီဖွေ(မြို့နယ်ပြန်/ဆက်)