ခိုလမ်မြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ အဝတ်လျှော်စက် လာရောက်လှူဒါန်း

ခိုလမ် ၆ မေ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၊ အမှတ် (၅)ရပ်ကွက်နေ ဦးဝင်းကိုနှင့် ဒေါ်နန်းလှဦး မိသားစုမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ အရေးပေါ်တုံ့ပြန်နိုင်ရေး အထောက်အကူပြုပစ္စည်းအဖြစ် ကျပ် ၅၄၀၀၀၀ တန်ဖိုးရှိ အဝတ်လျှော်စက် Samsung (၁)လုံးအား ခုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ ယနေ့ ညနေ ၄ နာရီ လာရောက်လှူဒါန်းခဲ့သည်။

 

ထိုသို့ လှူဒါန်းမှုကို ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထင်ကျော်နှင့် သူနာပြုဆရာမများမှ လက်ခံရယူပြီး အလှူရှင်မိသားစုအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခင်လေးဝင်း (ပြန်/ဆက်)