ခိုင်ကမ်းမြို့တွင် မြန်မာ့သိုင်းဆပ်ကော်မတီ စတင်ဖွဲ့စည်း

ခိုင်ကမ်း ၁၆ မေ

 

ခိုင်ကမ်းမြို့နယ်တွင် မေလ ၁၄ ရက် ရက်စွဲဖြင့် မြန်မာ့သိုင်းဆပ်ကော်မတီကို အဖွဲ့ဝင် ( ၁၀ )ဦးဖြင့် စတင်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။


ချင်းပြည်နယ် မြန်မာ့သိုင်းကိုယ်စားလှယ် ဦးလန်တုံးနုံးက ၁-၅-၂၀၁၉ ရက်စွဲဖြင့် မြို့အုပ်ချုပ်ရေးမှူးရုံးသို့ တရားဝင်ရုံးစာဖြင့် တင်ပြခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ မေလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ခိုင်ကမ်းမြို့ ဌာနဆိုင်ရာလုပ်ငန်းညှိနိုင်အစည်းအဝေး၌ ချင်းပြည်နယ် မြန်မာ့သိုင်းကိုယ်စားလှယ်ကိုယ်တိုင် ဆက်လက်တင်မှု အပေါ် ယခုလို ခိုင်ကမ်းမြို့တွင် မြန်မာ့သိုင်းဆပ်ကော်မတီ တရားဝင် ဖွဲ့စည်းခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။


ခိုင်ကမ်းမြို့ မြန်မာ့သိုင်းဆပ်ကော်မတီတွင် မြို့အုပ်ချုပ်ရေးမှူးက နာယက၊ ခိုင်ကမ်းမြို့ နယ်မြေရဲစခန်းမှူးက ဥက္ကဋ္ဌ၊ ခိုင်ကမ်းမြို့ အခြေခံပညာအထက်တန်းကျောင်း ဒုကျောင်းအုပ်၊ လိုင်ဘုန် အခြေခံပညာအလယ်တန်းကျောင်းအုပ်၊ နေရဉ္ဇရာလူငယ်သင်တန်းကျောင်းအုပ်နှင့် ရပ်ကွက် (၄) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများက အဖွဲ့ဝင်အဖြစ်ပါဝင်ကြပြီး  ချင်းပြည်နယ် မြန်မာ့သိုင်းကိုယ်စားလှယ် ဦးလန်တုံးနုံးက အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းခဲ့ကြောင်း  ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN