ချမ်းမြသာစည်၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၂၃ ဇူလိုင်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၂ ရက် ည ၈ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်း၊ အိမ်အမှတ်(၄၇၅)နေ ဆန်းပြေ့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၈၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက် (ခ) အတွင်းတွင် တွေ့ရှိသူ နန္ဒကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းဆတ်မြို့နယ်၊ မယ်ကြုတ်(၁) ကျေးရွာ၏ အနောက်မြောက်ဘက်ရှိ တောင်ကုန်း၌ အမှိုက်ကျင်းတူးစဉ် မြေကြီးအတွင်းမှ ငွေကျပ်သိန်း ၃၂,၇၀၀ ကျော် တန်းဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် ၃၂၇ ကီလို၊ မျောက်တံဆိပ်အနံ့ဆေးရည် ၈ ဒသမ ၄ လီတာနှင့် အမ်-၂၂(၄)လက်၊ အမ်-၁၆(၁)လက်၊ အေကေ-၄၇ (၁)လက်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား