ခံစစ်ကစားသမား ရူဒီဂါကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ချယ်ဆီးအသင်း ကမ်းလှမ်း

ချယ်ဆီးအသင်းသည် နာမည်ကြီး ရီးရဲမက်ဒရစ်နှင့် ပီအက်စ်ဂျီ အသင်းတို့က ခေါ်ယူရန် စောင့်ကြည့်ခြင်းခံနေရသည့် အသက် ၂၈ နှစ်အရွယ် ဂျာမနီခံစစ်ကစားသမား ရူဒီဂါကို စတန်းဖို့ဒ် ဘရစ်တွင် ဆက်လက်ထိန်းထားရန်အတွက် တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ နီးပါးဖြင့် စာချုပ်သစ် ချုပ်ဆိုရန် ကမ်းလှမ်းမှုပြုလုပ်လိုက်သည်။

ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ခံစစ်ကစားသမား ရူဒီဂါကို ခေါ်ယူရေး လက်လွှတ်လိုက်ရသော်လည်း နာမည်ကြီး ဘာစီလိုနာအသင်းက အဆိုပါ ကစားသမားကို ခေါ်ယူရန် ဆန္ဒရှိနေသေးသည်။ နွေရာသီတွင် ချယ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သော ရူဒီဂါသည် ယခုနှစ်ရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲ ကစားထားသည်။

အောင်ဇော်