ခန္ဓာကိုယ်ကျန်းမာ အားပြည့်စေဖို့ ကြက်ဥစားကြစို့

ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

ခန္ဓာကိုယ်ကျန်းမာ အားပြည့်စေဖို့ ကြက်ဥစားကြစို့

ကြက်ဥစားမယ်ဆိုရင် ချက်နည်းပုံစံတွေ အများကြီးရွေးလို့ရပါတယ်နော်။ ပြုတ်ခြင်း၊ ကြော်ခြင်း၊ ပြုတ်ပြီး သုပ်ခြင်း၊ ဟင်းချက်ခြင်း၊ ကာကျက်ပုံစံ စားခြင်းဆိုပြီး အများကြီးပါပဲနော်။ အားလုံးနီးပါးကတော့ ကြက်ဥစားရင် အားရှိတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ကြက်ဥရဲ့ ဘယ်လိုအာဟာရဓါတ်တွေက အားပြည့်စေတာလဲ၊ ကျန်းမာရေး ကောင်းမွန်ဖို့ ဘာတွေပေးစွမ်းနိုင်သလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

 

ကြက်ဥမှာ အမိုင်နိုအက်ဆစ်တွေပါဝင်ပြီး ဒီအက်ဆစ်ဟာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေဖွံ့ဖြိုးတိုးတက်မှု၊ ဇီဝဖြစ်ပျက်မှုနဲ့ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ စွမ်းဆောင်ပေးပါတယ်။ ကြက်ဥအကြီးတစ်လုံးမှာ ပရိုတင်း(၆) ဂရမ်ပါဝင်ပြီး အကောင်းဆုံးသော ပရိုတင်းဓါတ်လည်း ဖြစ်ပါတယ်။ အရိုးတစ်ရှုးတွေထဲ ကယ်လ်စီယမ်ဝင်ခြင်းကိုး တိုးတက်စေပြီး သွေးကြောတွေထဲ ကယ်လ်စီယမ် လျှော့ကျစေတာ ကူညီတာကြောင့် နှလုံးသွေးကြောတွေ ကျန်းမာဖို့အတွက် အာဟာရ ဓါတ်တစ်မျိုးပါပဲ။

 

ကြက်ဥမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓါတ်တွေဖြစ်တဲ့ ဖော့စဖော့ရပ်၊ ဇင့်ဓါတ်နဲ့ သံဓါတ်တွေ ပါဝင်ပါသေးတယ်။ သံဓါတ်ကတော့ ရာသီလာခြင်းတွေကြောင့် ပင်ပန်းတာတွေ မဖြစ်စေဖို့ အထောက်အကူပြုပြီး ဇင့်ဓါတ်ကတော့ အစားအစာကနေ စွမ်းအင်အဖြစ်ကူးပြောင်းခြင်းကို ဖြစ်စေမှုနဲ့ ကိုယ်ခံအား တက်အောင် ပြုလုပ်ပေးပါတယ်။ ဖော့စဖော့ရပ်ကတော့ အရိုးနဲ့ သွားတွေကျန်းမာဖို့ အကောင်းဆုံးပါပဲ။

 

ဟားဗက်တက္ကသိုလ်ရဲ့ သုတေသန ပြုလုပ်ချက်တွေအရတော့ ကြက်ဥစားသုံးခြင်းဟာ အရွယ်ရောက်တဲ့အခါ ရင်သားကင်ဆာ ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ (၂၀ဝ၅) ခုနှစ်မှာတော့ တစ်ပတ်ကို အနည်းဆုံး ကြက်ဥ(၆၀ဝ) စားတဲ့ အမျိုးသမီးတွေဟာ မစားတဲ့သူထက် (၄၀%)  ရင်သားကင်ဆာဖြစ်ခြင်းကို မခံစားရဘူးလို့ ဆိုထားပါတယ်။

 

ကြက်ဥစားသုံးခြင်းရဲ့ အကျိုးဆက်အနေနဲ့ အမြင်အာရုံတွေ ပျက်စီးတာကိုလည်း လျော့ချပေး ပါသေးတယ်။  ကြက်ဥမှာ  Lutein နဲ့ Zeaxanthin တွေလိုမျိုး ဓါတ်တိုးဆန့်ကျင်မှုတွေလည်း ပါဝင်တာမို့ မျက်စိအားကောင်းစေဖို့ အကျိုးပြုပါတယ်။ ကြက်ဥအနှစ်မှာ Lutein နဲ့ Zeaxanthin ပါဝင်တာ ပိုများပါတယ်နော်။ ဗီတာမင် အေ လည်း ပါဝင်သေးတာမို့ အမြင်အာရုံတွေအတွက်တော့ စိတ်ချရပါတယ်နော်။

 

ဗီတာမင်ဓါတ်တွေ လိုအပ်နေတယ်ဆိုရင်တော့ ကြက်ဥစားပေးဖို့ မမေ့ပါနဲ့နော်။ ကြက်ဥအနှစ်မှာ ကြက်ဥအကာထက် ပိုပြီးတော့ ဗီတာမင်တွေ ပိုများပါတယ်။ ကြက်ဥအနှစ်မှာ ဗီတာမင် B6၊ B12၊ A၊ D ၊E နဲ့ K တွေ စုံစုံလင်လင်ပါဝင်ပါတယ်။ ကြက်ဥမှာ ကလိုရင်းလည်းပါဝင်တာမို့ ဦးနှောက်အတွက်လည်း ကောင်းမွန်စေပါတယ်။
ကြက်ဥကြိုက်တယ်ဆိုရင်တော့ များများလေးစားပေးနော်။ ခန္ဓာကိုယ်ဝဖြိုးစေပြီး ကျန်းမာရေးအတွက် သင့်တော်တဲ့ အာဟာရဓါတ်တွေ အပြည့်အစုံ ပါဝင်ပါတယ်။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_76.jpg