ချင်းပြည်နယ် မီးသတ်ဦးစီးဌာနမှ ဟားခါးမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အရန်မီးသတ်ဝတ်စုံ (၂၈၀) ပေးအပ်

ဟားခါး ၃၀ ဇွန်

 

ချင်းပြည်နယ် မီးသတ်ဦးစီးဌာနမှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူထားသော အရန်မီးသတ်ဝတ်စုံ ၂၈၀ ကို ချင်းပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ ဟားခါးမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အမှာစကားပြောကြားပြီး ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၉)အုပ်စုအတွက် အရန်မီးသတ်ဝတ်စုံများကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဟားခါးမြို့နယ် မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်နှင့် တာဝန်ရှိသူများက ဟားခါးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အသုံးပြုနိုင်ရန်အတွက် ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။

 

ခရိုင် (ပြန်/ဆက်)