ချင်းပြည်နယ်တွင် သဘာဝနယ်မြေ ထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်

နေပြည်တော် ၁၅ ဇွန်

ချင်းပြည်နယ်တွင် ဂေဟစနစ်နှင့် ဇီဝမျိုးစိတ်မျိုးကွဲ၏ အရေးကြီးသည့် နေရာများကို လေ့လာ၍ သဘာဝနယ်မြေ ထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။

ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၅ရက်မြောက် နေ့တွင်ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည် နယ်ရှိ မြို့နယ် (၉) မြို့နယ်တွင် တောရိုင်းတိရစ္ဆာန်များ တားဆီးကာကွယ် ထိန်းသိမ်းရန် ဘေးမဲ့တောများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ဖြေကြားခဲ့ခြငး်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ဖြေကြားရာတွင် ချင်းပြည် နယ် (၉)မြို့နယ် တစ်ခုလုံးကို လွှမ်းခြုံ၍ သဘာဝထိန်းသိမ်းရေး နယ်မြေများ ဖွဲ့စည်းနိုင်ရေးနှင့် ပတ်သက်၍ ဇီဝမျိုးစုံ မျိုးကွဲစာရင်းကောက်ယူရန် လိုအပ်ခြင်း၊ သဘာဝထိန်းသိမ်းရေးဝန်ထမ်းများ တိုးချဲ့ခန့် အပ်ရန် အခက်အခဲရှိခြင်း၊ သဘာဝနယ်မြေများ ဖွဲ့စည်းပြီးပါက အုပ်ချုပ်ရေးမှူးရုံးများ ဆောက်လုပ်ပြီး ကင်းလှည့်ထိန်းသိမ်းရေး ဆောင်ရွက်ရန် လိုအပ်နေခြင်းတို့ကြောင့် (၉)မြို့နယ် တစ်ခုလုံးကို လွှမ်းခြုံ၍ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပါကြောင်း။

သို့သော် ချင်းပြည်နယ်တွင် ဆက်လက်ဆောင်ရွက်နေသည့် သဘာဝထိန်းသိမ်း ရေးလုပ်ငန်းများအနေဖြင့် ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်တွင် ကျရောက် လျက်ရှိသည့် ဗွေပါးတောင်ဒေသ ဧရိယာ ၄၆ ဒသမ ၈၇၅ စတုရန်းမိုင်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် ဖွဲ့စည်းရန် ရည်ရွယ်ပြီး ဗွေပါးတောင်အမျိုးသားဥယျာဉ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟားခါးမြို့ နယ်နှင့် ထန်တလန်မြို့နယ်တွင် ကျရောက်လျက်ရှိသည့် ကျီးရီးယန်း တောင်ဒေ သဧရိယာ(၁၃ ဒသမ ၁၀၄) စတုရန်းမိုင်ကို ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖလမ်း မြို့နယ် လေသာတောင် (၁၇ ဒသမ ၂၇) စတုရန်းမိုင် ကို ၂၀၁၈ခုနှစ် မေလတွင် သတ်မှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထန်တလန် မြို့နယ်တွင် ကျရောက် လျက်ရှိ သည့် မီအေပီတောင် (၁၉ ဒသမ ၃၀) စတုရန်းမိုင်၊ ဇိန် မှုတောင် (၁၂ ဒသမ ၄၁) စတုရန်းမိုင်၊ စာမွှန်းတောင် (၄၄ ဒသမ ၃၀) စတုရန်းမိုင် တို့ကို သဘာဝထိန်းသိမ်း ရေးနယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်ကြောင်း အမိန့် စာထုတ်ပြန် ဆောင်ရွက်လျက်ရှိပါကြောင်း။

အဆိုပါ ဆောင်ရွက်နေသည့် လုပ်ငန်းများ ပြီးစီးပါက ဇီဝမျိုးစိတ် မျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည် ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်တွင် ဂေဟစနစ် နှင့် ဇီဝမျိုးစိတ်မျိုးကွဲ၏ အရေးကြီးသည့် နေရာများကို လေ့လာ၍ သဘာဝနယ်မြေ ထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။

သတင်းစဉ်