ခင်ပွန်းဖြစ်သူ ရီနေးလ်အိန်ဂျလီ ကိုပဲ သစ္စာရှိရှိချစ်နေဆဲ စလင်းဒီယွန်

၁၀ ဧပြီ 

 

ခင်ပွန်းဖြစ်သူ သေဆုံးသွားတာ နှစ်နှစ်ကျော်လာပြီဖြစ်ပေမယ့် နောက်ထပ်အစားထိုးဖို့ စိတ်ကူးမရှိသေးဘူးလို့ စူပါစတား စလင်းဒီယွန်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

 

“ခင်ပွန်းဖြစ်သူက သူမဘဝရဲ့ ချစ်ခြင်းမေတ္တာပါဘဲ။ စူပါစတားဟာ ခင်ပွန်းမရှိဘဲ အသက်ရှင်နေရတာကို မယုံနိုင်စရာ နာကျင်ခံစားနေရဆဲပါပဲ။ သူမက ရှေးရိုးတော်တော်ဆန်တယ်။ အသစ်ရှာဖို့လဲ အဆင်သင့်မဖြစ်သေးပါဘူး။ ရီနေးလ်လို ချစ်ရတဲ့သူ ထပ်မရှိနိုင်တော့ဘူး” လို့ ဆိုပါတယ်။

 

စလင်းဒီယွန်နှင့် ရီနေးလ်တို့နှစ်ဦးဟာ ၁၉၈ဝ ခုနှစ် သူမအသက် (၁၂)နှစ်အရွယ်ကပင် စတင်သိကျွမ်းခဲ့ကြခြင်းဖြစ်ပြီး ၁၉၉ဝ ခုနှစ်မှာ ချစ်သူများအဖြစ် လက်တွဲခဲ့ကြပါတယ်။ ၁၉၉၄ ခုနှစ်မှာ တရားဝင်လက်ထပ်ခဲ့ကြပြီး သားသုံးဦး ထွန်းကားခဲ့ပါတယ်။ ရီးနေးလ်ဟာ လည်ချောင်းကင်ဆာကို ကာလအတော်ကြာ ခံစားခဲ့ရပြီးနောက် ၂၀၁၆ တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။ 

 

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က စလင်းဒီယွန် အသက် ၅၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။

 

စူပါစတားဟာ သူမရဲ့ အသက် ၅၀ ပြည့်မွေးနေ့ကို ပါတီမပေးဘဲ အိမ်မှာပဲ ကလေးတွေနဲ့ ကျင်းပဖြစ်ခဲ့ပြီး အမှတ်တရတွေ ပြုလုပ်ခဲ့ပါသေးတယ်။

 

MDN