ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စင်းနစ်မြုပ်မှုဖြစ်ပွား

ကနီ  ၂၀  နိုဝင်ဘာ

 

မုံရွာခရိုင်၊ ကနီမြို့နယ် အိုင်တောင်ကျေးရွာနှင့် ချိုင်ကျေးရွာအကြားတွင် ယနေ့ ညနေ ၃ နာရီခွဲခန့်က ကုန်တင်ရေယာဉ်တစ်စင်း နစ်မြှုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မုံရွာမြို့မှ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော ကောင်းထက်ကျော် ဖလက်ပြားအသေး ကုန်တင်ရေယာဉ်သည် ကနီမြို့နယ် အိုင်တောင်ကျေးရွာနှင့် ချိုင်ကျေးရွာအကြား အရောက်တွင် ရှပ်လုံးပျက်ပြီး ရေယာဉ်နစ်မြှုပ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၄+

 

အဆိုပါ ကုန်တင်ရေယာဉ်နစ်မြှုပ်ရာသို့ ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရေယာဉ်ကြီးကြပ်ရေးအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးမှူးထံမှ သိရသည်။

 

အဆိုပါ ကုန်တင်ရေယာဉ်နစ်မြှုပ်မှုကြောင့် လူများထိခိုက်မှုမရှိသော်လည်း ရေယာဉ်ပေါ်ပါ ဘိလပ်မြေအိတ် (၂၀၀)ခန့်နှင့် ပေပါ (၁၃၀)လုံးခန့် ပျက်စီးဆုံးရုံးခဲ့ကြောင်း ကနဦးသတင်အရ သိရသည်။

သန်းဌေးအောင်(ခရိုင် ပြန်/ဆက်)