ခင်ဦးမြို့နယ်၌ စံပြကွက်နှင့် မျိုးစေ့ထုတ်စံပြကွက်များတွင် ပိုးမွှားကင်းထောက် မှတ်တမ်းကောက်ယူ

ခင်ဦး                စက်တင်ဘာ                 ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ရွှေဘိုပေါ်ဆန်း မိုးစပါးစိုက်ခင်းများတွင် ပိုးမွှားကင်းထောက် မှတ်တမ်းကောက်ယူရန် Yellow Sticker များ ထောင်ခြင်းကို စက်တင်ဘာ ၂၈ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မိုးစပါးတင်း ၁၀၀ ထွက်ရှိရေး စံပြကွက်နှင့် မျိုးစေ့ထုတ် စံပြကွက်များတွင် ပိုးမွှားများ ကျရောက်နေမှု သိရှိရန်နှင့် မိတ်ဆွေပိုးနှင့် အဖျက်ပိုးမွှားများ ခွဲခြားရန် Yellow Sticker များထောင်ပြီး ပိုးမွှားကင်းထောက် မှတ်တမ်းကောက်ယူခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်ထံမှ သိရသည်။

 

စိုးဝေအောင်(ခင်ဦး)