ခင်ဦးမြို့တွင် လျှပ်စစ်ဓာတ်အားခများကို ရပ်ကွက်အတွင်း လှည့်လည်ကောက်ယူလျက်ရှိ

ခင်ဦး  ၃၀  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ မြို့မိမြို့ဖအဖွဲ့နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့၏ အစီအစဉ်ဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတလူငယ်များ ပူးပေါင်းပြီး ဧပြီ ၃၀ ရက် နံနက် ၉ နာရီက လျှပ်စစ်ဓာတ်အားခများကို ရပ်ကွက်အတွင်း လှည့်လည်ကောက်ယူလျက်ရှိသည်။

 

ယခုလို လျှပ်စစ်ဓာတ်အားခများကို ရပ်ကွက်အတွင်း ကောက်ခံပေးရခြင်းမှာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူတွေ ဓာတ်အားခပေးဆောင်ရာတွင် လူစုလူဝေးမဖြစ်စေလိုခြင်း၊ အချိန်ကုန်သက်သာစေခြင်း၊ အိမ်အပြင်ထွက်စရာမလိုဘဲ အိမ်အရောက် ကောက်ခံပေးတဲ့အတွက် အဆင်ပြေပြီး ရောဂါ ကာကွယ်ရာရောက်နိုင်ကြောင်း၊ ရပ်ကွက်အတွင်း လှည့်လည်ကောက်ခံခြင်း အစီအစဉ်ကို ကိုဗစ်-၁၉ ကာလပြီးဆုံး ချိန်ထိ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းအောင်၏ ပြောကြားချက် အရ သိရသည်။

 

စိုးဝေအောင်(ခင်ဦး)