ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ငါးရာသီဆက်တိုက် တက်လှမ်းခဲ့တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ စပို့တင်းလစ္စဘွန်းအသင်းကို နှစ်ကျော့ပေါင်း ရလဒ် ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့် ရရှိခဲ့ပြီး အခုလို ကွာတားဖိုင်နယ်တက်လှမ်းခွင့်ရရှိခဲ့တာဟာ မန်စီးတီးအသင်းအတွက် ဘောလုံးရာသီ ငါးရာသီဆက်တိုက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ မတ် ၉ ရက်ညပိုင်းက စပို့တင်းလစ္စဘွန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပေမယ့် ပထမ အကျော့ စပို့တင်းလစ္စဘွန်းအိမ်ကွင်းမှာ ငါးဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် မန်စီးတီးအသင်းက နှစ်ကျော့ပေါင်း ရလဒ်ငါးဂိုးပြတ်နဲ့ နောက်တစ်ဆင့်တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ မန်စီးတီးတောင်ပံကစားသမား စတာလင်အတွက် ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်သွင်းဂိုး ၂၅ ဂိုးပြည့်မြောက်မယ့် အခွင့်အရေးနဲ့ လွဲခဲ့ရပြီး မန်စီးတီးအသင်းကွင်းလယ် ကစားသမားဖာနန်ဒင်ဟိုကတော့ သူ့ရဲ့ ကစားသမားဘဝ ချန်ပီယံလိဂ်ပွဲစဉ် ၁၀၀ ပြည့်မြောက်တဲ့ ပွဲစဉ် အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အခုဘောလုံးရာသီအတွင်းမှာ ချန်ပီယံလိဂ်ချန်ပီယံအသင်းဖြစ်လာဖို့ ရေပန်းစား နေတဲ့ အသင်းတစ်သင်းဖြစ်သလိုအင်္ဂလန် ပရီမီယာလိဂ်ပြိုင်ပွဲမှာလည်း အမှတ်ပေးဇယားဒုတိယနေရာ က လီဗာပူးအသင်းကိုခြောက်မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ငွေကြယ်