ချန်ပီယံလိဂ်မှာ ဟက်ထရစ်သုံးကြိမ်သွင်းယူနိုင်ခဲ့ပြီး ပထမဆုံးပြင်သစ်ကစားသမားဖြစ်လာတဲ့ ဘင်ဇီမာ

ပြင်သစ်တိုက်စစ်မှူး ဘင်ဇီမာဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ မတ် ၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ် အသင်းနဲ့အတူ သွင်းဂိုးသုံးဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ဟက်ထရစ်သုံးကြိမ် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးပြင်သစ်ကစားသမား ဖြစ်လာခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ ပထမပိုင်းပွဲကစားချိန် ၃၉ မိနစ်မှာ ရရှိခဲ့တဲ့ တိုက်စစ်မှူး အမ်ဘတ်ပီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင် ရရှိခဲ့ပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းက ဒုတိယပိုင်းပွဲကစားချိန် ၆၁ မိနစ်၊ ၇၆ မိနစ်နဲ့ ၇၈ မိနစ်တို့မှာ သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဘင်ဇီမာရဲ့ သွင်းဂိုးတွေနဲ့ ပီအက်စ်ဂျီအသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ တိုက်စစ်မှူးဘင်ဇီမာဟာ ပွဲကစားချိန် ၁၇ မိနစ်အတွင်း(ဒုတိယပိုင်းပွဲကစားချိန် ၆၁ မိနစ်မှ ၇၈ မိနစ်အတွင်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၁၈ နှစ်ဆက်တိုက် (၂၀၀၅-၂၀၂၂) ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာ ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းကတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်းက တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိထားခဲ့ပေမယ့် ဒုတိယအကျော့မှာ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ကြောင့် နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး-နှစ်ဂိုးနဲ့ ပီအက်စ်ဂျီအသင်းကိုအနိုင်ရပြီး ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

ငွေကြယ်