ခန္တီးမြို့ ကမ်းနားလမ်း သန့်ရှင်းသာယာရေး စုပေါင်းဆောင်ရွက်

ခန္တီး၊ ၂၅  ဇန်နဝါရီ        

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ကမ်းနားလမ်း၊ ပန်းခြံနှင့် ချင်းတွင်းမြစ်ဘေး တာရိုးတစ်လျှောက် စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်ထားခြင်းနှင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းကို  ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက သန့်ရှင်းရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ကြသည်။

 

ပြည်သူများအနေဖြင့် စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်ခြင်းမပြုကြရန် မြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ နေ့စဉ် အမှိုက်သိမ်းယာဉ်ပေါ်သို့  စနစ်တကျ စွန့်ပစ်ကြရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

စနေမောင်မောင်(ခန္တီး)