ခန္တီးမြို့နယ်ရတနာနယ်မြေတွင် ကျောက်မျက်ရတနာလက်လုပ်လက်စား ထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်နိုင်

ခန္တီး  ၂၂ နိုဝင်ဘာ       

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ကွက် စိစစ်ချထားပေးရေးအနေဖြင့် ခန္တီးမြို့နယ်၊ ခန္တီးရတနာမြေ၊ နန့်စလင်းချောင်းဖျားမှော်နှင့် ပတ္တာဘွန်ပယင်းမှော်အတွင်း ကျောက်မျက်ရတနာ လက်လုပ်လက်စားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် လျှောက်လွှာများကို လက်ခံ၍ သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုမိန့်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရတနာမြေနယ်အတွင်း လက်လုပ်လက်စား ထုတ်လုပ်လိုသူများအနေဖြင့် ခန္တီးမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ မှတ်ပုံတင်ကာ လျှောက်လွှာ ဝယ်ယူခြင်းနှင့် တင်သွင်းခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

စနေမောင်(ခန္တီး)