ခရီးသွား လုပ်ငန်းအတွက် ခြောက်လအတွင်း သန်း ၄၆၀ ဆုံးရှုံးကြောင်း ထုတ်ပြန်

၁၆ စက်တင်ဘာ

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် ဇန်နဝါရီလကနေ ဇွန်လအတွင်း ကမ္ဘာတစ်ဝန်းရှိ ခရီးသွား လုပ်ငန်းဟာ အမေရိကန် ဒေါ်လာ သန်း ၄၆၀ ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂ က အင်္ဂါနေ့က ထုတ်ပြန်ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ဖြစ်ပွားနေတဲ့အတွက်  နိုင်ငံတကာ ခရီးသွားတွေ ဦးရေဟာ  ၆ လ အတွင်းမှာ သန်း ၄၄၀ လာရောက်နိုင်ခြင်း မရှိကြောင်း၊ အဲဒီပမာဏဟာ ခရီးသွားတွေရဲ့ ၆၅ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် နိုင်ငံတွေက နယ်စပ်ဂိတ်တွေ ပိတ်ခြင်းနဲ့ ခရီးသွားရာတွင် တားမြစ်ချက်တွေ ထုတ်ပြန်ထားကြောင်း  ကုလသမဂ္ဂရဲ့ ခရီးသွားလာရေး အဖွဲ့က ပြောပါတယ်။

 

 

တချို့ နိုင်ငံတွေမှာ ခရီးသွားရေး လုပ်ငန်းတွေ တဖြေးဖြေးနဲ့ ပြန်လည် လည်ပတ်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီနှစ်အတွင်းမှာ ခရီးသွား လုပ်ငန်းဟာ ဆက်လက် ထိခိုက်နိုင်ကြောင်း သတိပေးလိုက်ပါတယ်။

 

 

ခရီးသွားလုပ်ငန်း တစ်ခုလုံးရဲ့ နိုင်ငံတကာ ခရီးသွား ဦးရေဟာ ၂၀၂၀ ခုနှစ်မှာ ၇၀ ရာခိုင်နှုန်း ကျဆင်းနေနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

 

 

၂၀၁၉ ခုနှစ်မှာ နိုင်ငံတကာ ခရီးသွားရေး လုပ်ငန်းမှာ ၄ ရာခိုင်နှုန်း တိုးတက်လာတဲ့အတွက် ခရီးသွားလာသူ အရေအတွက်ဟာ ၁.၅ ဘီလီယံရှိကြောင်း၊ ကမ္ဘာမှာ ပြင်သစ်နိုင်ငံဟာ ခရီးသွားတွေ အများဆုံး လာရောက်တဲ့ နိုင်ငံဖြစ်ပြီး အဲဒီနောက်မှာ စပိန်နဲ့ အမေရိကန် နိုင်ငံတို့ ရှိနေပါတယ်။

 

 

၂၀၁၉ ခုနှစ်က ရရှိခဲ့တဲ့ ခရီးသွား ဦးရေကို ပြန်လည်ရောက်ရှိရန် နှစ်နှစ်ကနေ လေးနှစ်အထိ အချိန်ယူရနိုင်ကြောင်း ကုလသမဂ္ဂရဲ့ ခရီးသွားလာရေး အဖွဲ့က ခန့်မှန်းထားပါတယ်။

 

 

MDN

ကိုးကား- AFP