ခရီးသွားကဏ္ဍမြင့်တင်ရန် သုံးနိုင်ငံ စက်ဘီးစီးအဖွဲ့ တာချီလိတ်၌ လည်ပတ်စီးနင်း

တာချီလိတ် ၂၂ ဇူလိုင် 



ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်ခရီးသွားလုပ်ငန်းနှင့် အားကစားရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ခရီးသွားကဏ္ဍမြှင့်တင်သောအားဖြင့် ထိုင်းစက်ဘီးစီး အဖွဲ့နှင့် လာအိုနိုင်ငံသား စက်ဘီးစီးအဖွဲ့များသည် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက တာချီလိတ်မြို့တွင်း၌ စီးနင်းခဲ့ကြောင်း ထိုင်း-မြန်မာမြို့နယ်အဆင့်နယ်ခြားကော်မတီမှ သိရ သည်။



ဇူလိုင် ၂၂ ရက်နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ထိုင်းနိုင်ငံသား ကစားသမားများဖြစ်သည့် Mr.Suchart Jankwang ဦးဆောင်သည့် ထိုင်းစက်ဘီးစီးအဖွဲ့နှင့် လာအို နိုင်ငံသား စက်ဘီးစီးအဖွဲ့ ၁၈၅ ဦးတို့သည် ထိုင်းနိုင်ငံ၊ ချင်းရှဲန်မြို့၊ မယ်ဆိုင်မြို့တို့မှ တာချီလိတ်မြို့သို့ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဝင်ရောက်ခဲ့ပြီး အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ရှမ်းရိုးမကွင်းမီးပွိုင့်မှ မိုးလုံလေလုံအားကစားရုံလမ်းအတိုင်း ထွက်ခွာ၍ ရွှေတိဂုံဘုရား ကုန်းပေါ်သို့လည်းကောင်း၊ ထို့နောက် ရွှေတိဂုံဘုရားလမ်းတိုင်း ထွက်ခွာ၍ ဆေးရုံဟောင်းရှေ့ လမ်းဆုံသို့လည်းကောင်း၊ ယင်းမှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေး တံတားသို့လည်းကောင်း လည်ပတ်စီးနင်းကာ တာချီလိတ်မြို့မှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။



အဆိုပါ အစီအစဉ်အား ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်ခရီးသွားလုပ်ငန်းနှင့် အားကစားရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ခရီးသွား ကဏ္ဍမြှင့်တင် သောအားဖြင့်လည်းကောင်း၊ ချင်းရိုင်းခရိုင်အနားယူအပန်းဖြေစရာကောင်းသည့် ခရီးဆုံးပန်တိုင်များအား ထိတွေ့ခံစားနိုင်စေရန်လည်းကောင်း၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တို့အကြား အပြန်အလှန် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် လည်းကောင်း၊ သုံးနိုင်ငံ ချိတ်ဆက်စေမည့် စက် ဘီး အစီး ၂၀ဝ၊ စက်ဘီးအားကစားသမား ၂၀ဝ ဦးတို့ဖြင့် မဲခေါင်မြစ်ကမ်းနံဘေး စက်ဘီးဖြတ်စီး အစီအစဉ်တစ်ရပ်အား ၂၀၁၈ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စက်ဘီးစီးဝါသနာရှင် စုစုပေါင်း ၁၈၅ ဦးတို့သည် ချင်းရှဲန်-မယ်ဆိုင်-တာချီလိတ် ခရီးတာ ၄၈ ကီလိုမီတာ စီးနင်းခဲ့ကြောင်း သိရသည်။

 

မြင့်မိုရ်(တာချီလိတ်)