ခရီးသွားကဏ္ဍဖွံ့ဖြိုးဖို့ TOURISM နဲ့ FASHION ကိုပြသမယ့် MISS AND MISTER TCU MANDALAY 2019ပြိုင်ပွဲ ကျင်းပမည်

မန္တလေး ၃ သြဂုတ် 

 

Miss and Mister TCU Mandalay 2019 ရွေးချယ်ပွဲကို အခုလ ၁၇ ရက်မှာ မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 

 

Miss and Mister Tourism Culture Universe Mandalay 2019 ကို မန္တလေးမြို့ မြို့တော်ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များသည် မန္တလေးတိုင်းအတွင်း နေထိုင်သူများဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။ 

 

ပွဲကျင်းပရခြင်းနဲ့ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှု ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက "ခရီးသွားကဏ္ဍနဲ့ အမျိုးသား အကျိုးစီးပွားကို ရရှိနိုင်ဖို့ ဒီပွဲကို လုပ်ရတာပါ။ Tourism နဲ့ Fashion က နိုင်ငံတကာမှာလည်း ခေတ်စားနေတယ်။ နိုင်ငံတစ်ခုရဲ့ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ဖို့ အဓိကအချက်က Brand ပေါက်ဖို့လိုတယ်" ဟု ဆိုသည်။

 

ပြိုင်ပွဲတွင် winner ရရှိသည့် Miss နှင့် Mister များသည် ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ကျင်းပမည့် Miss and Mister Tourism Culture Universe 2019 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။ နိုင်ငံတကာက ပါဝင်ယှဉ်ပြိုင်သည့် Miss and Mister Tourism Culture Universe ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင်လည်း မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။ 

 

" Miss and Mister TCU ပြိုင်ပွဲကို ၂၀၂၀ အထိ မြန်မာနိုင်ငံမှာ ကျင်းပဖို့ ပြည်ထောင်စု MOH နဲ့ညှိနှိုင်း ထားတာရှိတယ်"ဟု Miss and Mister Tourism Culture Universe ၏ Co-Founder ဖြစ်သူ ဦးကျော်ကျော်ဦး မှပြောသည်။

 

၂၀၁၈ ခုနှစ်က ကျင်းပသည့် ပြိုင်ပွဲတွင် မော်ဒယ်နော်တူးတူးက First Winner Up ရရှိခဲ့ပြီး မော်ဒယ် သူရညီညီက Third Winner Up ရရှိခဲ့သည်။

 

အိမို့မို့ခိုင်