ခရီးသည်တင် ယာဉ်လိုင်းများတွင် အသက်ကယ်ထိုင်ခုံခါးပတ်ဝတ်ဆင်ရေး ရှောင်တခင် စစ်ဆေးခြင်း ဟားခါး၌ ဆောင်ရွက်

ဟားခါး ၁၇   အောက်တိုဘာ  

           

ယာဉ်မတော်တဆမှုကြောင့် မလိုလားအပ်သည့် ထိခိုက်ဒဏ်ရာများ၊ သေဆုံးမှုများလျော့နည်း လာစေရေး ရည်ရွယ်၍ မော်တော်ယာဉ်မောင်းနှင်သူများနှင့် လိုက်ပါစီးနင်း သူများအားလုံး အသက်ကယ်ထိုင်ခုံ ခါးပတ် ဝတ်ဆင်ရေးအတွက်ရှောင်တခင်စစ်ဆေးခြင်းကို အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ စုပေါင်းကားဂိတ်တွင် ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ စစ်ဆေးခြင်းတွင်ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဉီးရွှေထီးအိုးနှင့်အတူ ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့အတွင်းရေးမှူး ပြည်နယ်လုပ်ငန်း လိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းရေးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်၊ အမှတ်(၁၆)ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရဲမှူးဘင်နီဖိုင်း၊ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဉီးစီးဌာနမှူးဉီးမျိုးလွင်ဉီးနှင့် ပူးပေါင်း အဖွဲ့များက ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ခရီးစဉ်အလိုက် ပြေးဆွဲလျက်ရှိသည့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ပေါ်တွင် ယာဉ်စတင်ထွက်ခွါပြီး အခြားဖျော်ဖြေရေးဇာတ်လမ်းခွေများမပြသမီယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဗီဒီယိုများ ပြသပေးရန် ရှင်းလင်းပြောကြားခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)