ခရီးသည်တင်မှန်လုံယာဉ်က ကုန်တင်ယာဉ်အား နောက်မှဝင်တိုက်ကာ တစ်ဦးသေဆုံးပြီး ယာဉ်မောင်းထွက်ပြေး

မြင်းမူ ၂၉ ဒီဇင်ဘာ

 

စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် မြောင်လမ်းခွဲအနီး ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်က လားရာတူ မောင်းနှင်နေသော ကုန်တင်ယာဉ်အား ခရီးသည်တင်မှန်လုံယာဉ်က အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်ကာ တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ မြင်းမူမြို့နယ် မြောင်လမ်းခွဲအနီး မန္တလေး - မုံရွာကားလမ်း မိုင်တိုင်အမှတ် ၅၅/၇ နှင့် ၅၆/ဝ အကြားနေရာတွင် ရှေ့မှမောင်းနှင်နေသော ကုန်တင်ယာဉ်(စိစစ်ဆဲ)အား နောက်မှလိုက်ပါလာသည့် ယာဉ်မောင်း ဝေဘုန်ထူး ဆီဆိုင်တန်း ကျောက်မဲမြို့နေ မောင်းနှင်သော မြောက်ပိုင်းသား အမည်ပါ ယာဉ်အမှတ် YGN 7B/xxxx fuso အမျိုးအစား အပြာရောင်ယာာဉ်က အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိခြင်းဖြစ်ကာ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယာာဉ်နောက်လိုက် ဇေယျာသိန်း ကုက္ကိုပင်ကျေးရွာ မိထ္တိလာမြို့နယ်နေသူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။

 

ယဉ်တိုက်မှုနှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသူ ဝေဘုန်းထူးအား မြင်းမူရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)