ချယ်လ်ဆီးတိုက်စစ်မှူး ပက်ဒရိုကို ခေါ်ယူရန် ရိုးမားနဲ့ ရီးယဲလ်ဘတ်တစ် အပြိုင်ကြိုးပမ်းနေ

  မေ

ချယ်လ်ဆီးအသင်းမှ စပိန်တိုက်စစ်မှူး ပက်ဒရိုကို ရိုးမားအသင်းနဲ့ ရီးယဲလ်ဘတ်တစ်အသင်းတို့က ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိ တိုက်စစ်မှူး ပက်ဒရိုဟာ လက်ရှိကလပ် ချယ်လ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း ဇွန် ၃၀ ရက်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

အဲဒါကြောင့် ရိုးမားအသင်းနဲ့ ရီးယဲလ်ဘတ်တစ်အသင်းတို့က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လာလီဂါကလပ် ရီးယဲလ်ဘတ်တစ်အသင်းအနေနဲ့ ပက်ဒရိုကို ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ တယ်လို၊ ဂျာဗီဂါစီယာ စတဲ့ကစားသမားတွေကို ရောင်းချဖို့ စီစဉ်နေတယ်လို့ လည်းသိရပါတယ်။

ပက်ဒရိုဟာ သူ့ရဲ့ ကစားသမားဘဝကို မေဂျာလိဂ်မှာ အဆုံးသတ်ဖို့ဆန္ဒရှိနေတာကြောင့် မေဂျာလိဂ်ကလပ် အသင်းတွေဖြစ်တဲ့ နယူးယောက်စီးတီးအက်ဖ်စီနဲ့ အင်တာမီယာမီအသင်းတို့ကလည်း ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ငွေကြယ်