ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၈ ဒသမ ၁ ပေခန့် ဆက်လက်ရေကျော်

ပွင့်ဖြူ စက်တင်ဘာ ၂၈

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိရာ စက်တင်ဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီ တိုင်းထွာချက်အရ တမံရေပိုလွှဲမှ ဒသမ ပေခန့်  ဆက်လက် ရေကျော်ကျလျက် ရှိနေကြောင်း တမံတာဝန်ခံ (AE) ဦးစိုးတင့်ထံမှ သိရသည်။ 

 

ကြီးအုံကြီးဝတမံသည် စက်တင်ဘာ ၂၃ ရက်မှ၂၇ ရက် ညပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများ ရှိခဲ့ပြီး စက်တင်ဘာ ၂၈ ရက် နံနက် ၆ နာရီ တိုင်းထွာရာတွင် တမံရေပြည့်မှတ်ဖြစ်သည့် ပေ ၃၄၀ အထက် ၈ ဒသမ ၄ ပေခန့် ရေကျော်ကျမှုရှိခဲ့ရာမှ  မွန်းတည့် ၁၂ နာရီ ထပ်မံတိုင်းထွာရာတွင် တမံရေပိုလွှဲမှ  ၈ ဒသမ ၁ ပေခန့်သာ ရေကျော်ကျမှုရှိ၍  သုံးလက်မခန့် ရေကျော်ကျမှု ကျဆင်းလာခဲ့ကြောင်း သိရသည်။

 

တမံရေပိုလွှဲမှ ရေကျော်မှုအခြေအနေအား တမံအောက်ဘက်ရှိ ဒေသခံပြည်သူများ ကြိုတင်သိရှိနိုင်ရန် အစိမ်းရောင်အလံများ စိုက်ထူ၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ထားရှိကြောင်းနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှုမှာ စိုးရိမ်ဖွယ် အခြေအနေမရှိကြောင်း  တမံတာဝန်ခံ (AE) ဦးစိုးတင့်က ပြောပြသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)

mdn