ကိန်းရုပ်ရှင်ပွဲတော်ဆုရ “Antichrist” ရုပ်ရှင်ဇာတ်ကားကို လေ့လာမှုအစီအစဉ် ပြုလုပ်မည်

ရန်ကုန် ၂၆ ဖေဖော်ဝါရီ 

ဒါရိုက်တာ “Lars von Trier” ၏ Drama, Horror အမျိုးအစား လက်ရာကောင်းတစ်ခုဖြစ်သော “Antichrist" ရုပ်ရှင်ဇာတ်ကားကို မတ်လ ၁ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့၊ အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ ကြည့်ရှုပြီး ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအစီအစဉ် ပြုလုပ်ကြမည်ဖြစ်သည်။

ယင်းအစီအစဉ်ကို မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် Cinematheque Program ၏ ကဏ္ဍခွဲတစ်ရပ်အဖြစ် (၃၇)ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာအောင်မင်းက ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။

အဆိုပါဇာတ်လမ်းအကျဉ်းမှာ လင်မယားနှစ်ယောက်သည် ၎င်းတို့၏ကလေး မတော်တဆ သေဆုံးခဲ့ပြီးနောက် တောအုပ်တစ်ခုအတွင်းရှိ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း၊ ၎င်းနေအိမ်တွင် ယောက်ျားဖြစ်သူသည် ထူးဆန်းသည့် အမြင်အာရုံများ တွေ့မြင်ခံစားလာသကဲ့သို့ မိန်းမဖြစ်သူမှာလည်း ပိုမိုကြမ်းတမ်းသည့် စရိုက်များ ဖြစ်ပေါ်လာသည့် အခြေအနေကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ကြောင်း၊ ၎င်းရုပ်ရှင်မှာ ကိန်းရုပ်ရှင်ပွဲတော်တွင် Best Actress ဆုကို ရရှိခဲ့ကြောင်း သိရသည်။

ဝင်းထိန်(FDC)