ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ  ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၁၆

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
    
ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၁၁၁၇)ခု ၊ Test Kit အခု (၇၈၀) ၊ ဆိပ်ကမ်းများမှ အောက်ဆီဂျင် (အရည်) Storage Container တစ်ခု အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ ၊ ထီးခီး ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်(အရည်) Bowser ယာဉ်နှစ်စီးဖြင့် (၃၆) တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် ကိုးတန်၊ အောက်ဆီဂျင် (အရည်) Storage Container တစ်ခု ၊ အောက်ဆီဂျင် အိုး(အခွံ) (၅၆၁၄)ခု၊ ဆေးရုံးသုံး အောက်ဆီဂျင် ဖြည့်စက်နှစ်ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator)(၁၃၄၄) ခု၊ Test Kit အခု(၇၈၀) ၊ PPE ဝတ်စုံ (၈၁၅၀) နှင့်နှာခေါင်းစီး (Mask) တန် (၇၀) တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ (၂၀) မှ ယာဉ်စီးရေ (၃၇) စီးဖြင့် တင်သွင်း ခဲ့ခြင်းဖြစ်သည်။

 

mdn

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၈၇၂)စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၇၉၈) တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၁၈၉) တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် (၇၂) တန်၊ အောက်ဆီဂျင် (အရည်) Storage Container ရှစ်ခု၊ အောက်ဆီဂျင် (အရည်) Distributor ခြောက်ခု၊ အောက်ဆီဂျင်(အိုးခွံ) (၁၀၆၉၀၅)ခု၊ Oxygen Plant (၂၂) ခု၊ ဆေးရုံးသုံး အောက်ဆီဂျင်ဖြည့်စက် နှစ်ခု၊ အောက်ဆီဂျင် (Generator) အခု (၁၀) ၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၇၃၉၀၄)ခု၊ Test Kit (၁၅၁၀၄၈) ခု၊ PPE (၄၉၆၆၆၂) စုံ၊ လက်အိတ် (၈၂) တန်နှင့် နှာခေါင်းစီး (Mask) (၁၁၀၅) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

၂၀၂၁ ခုနှစ် ဇူလိုင် (၁) ရက်မှ သြဂုတ် (၁၆) ရက်အထိ ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း (၇၉) စီးမှာ ရန်ကုန်မြို့သို့ (၆၁) စီး ၊ မန္တလေးမြို့သို့ (၁၁)စီး၊ မော်လမြိုင်မြို့သို့ လေးစီး ၊ ပဲခူးမြို့သို့ နှစ်စီး ၊ သထုံမြို့သို့ တစ်စီး ဖြစ်ကြောင်း သိရသည်။ Oxygen Plant စုစုပေါင်း အခု (၃၀) မှာလားရှိုးမြို့သို့ ငါးခု ၊ ရန်ကုန်မြို့သို့ လေးခု၊ ပဲခူးမြို့သို့ လေးခု ၊ မန္တလေးမြို့သို့ သုံးခု၊ ပခုက္ကူမြို့သို့ နှစ်ခု ၊ ဘားအံမြို့သို့ နှစ်ခု၊ မော်လမြိုင်မြို့သို့ နှစ်ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့နှင့် မိုးကောင်းမြို့များသို့ တစ်ခုစီ ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့်  အသိပေး ကြေညာချက်များကိုလည်း အများပြည်သူများသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ် ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။ 

သတင်းစဉ်

 

mdn