ကိုဗစ်-၁၉ ကာကွယ်ဆေး Pfizer ကို ကနေဒါနိုင်ငံ အတည်ပြု

၁၀ ဒီဇင်ဘာ

အမေရိကန်ပြည်ထောင်စုမှ Pfizer ကုမ္ပဏီနှင့် ဂျာမနီနိုင်ငံ BioNTech ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကနေဒါနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက အတည်ပြုလိုက်ပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ယာယီစံနှုန်းများကို အခြေခံပြီးနောက် ဒီဇင်ဘာလ ၈ရက်နေ့အတွင်းက အတည်ပြုခဲ့ကြောင်း ကနေဒါနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ ကာကွယ်ဆေးအား တင်းကြပ်သော လုံခြုံရေးနှင့် လိုအပ်ချက်များနှင့် ပြန်လည်သုံးသပ်ပြီးနောက် အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

အသက် ၁၆နှစ်‌နှင့် အထက် လူအများကို ကာကွယ်ဆေးထိုးပေးပြီး ကာကွယ်ဆေး၏ ဘေးကင်းလုံခြုံမှုကို အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ပြီးနောက် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံသည် ယခုလအတွင်း ကာကွယ်ဆေး အလုံးရေ နှစ်သိန်းလေးသောင်း ရရှိမည်ဟု မျှော်လင့်ရပြီး လာမည့် သီတင်းပတ် အစောပိုင်းတွင် ရောက်ရှိမည်ဖြစ်ကြောင်း ကနေဒါ မီဒီယာများက ပြောကြားခဲ့သည်။

ယခုလအစောပိုင်းက ဗြိတိန်နိုင်ငံသည် ကာကွယ်ဆေးကို ပထမဆုံး အတည်ပြု နိုင်ငံဖြစ်လာခဲ့ပြီးနောက်

ဘာရိန်းနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒုတိယအတည်ပြုသည့် နိုင်ငံဖြစ်သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်