ကိုဗစ်- ၁၉ ကာကွယ်ဆေးတစ်သန်း ဩစတြေးလျနိုင်ငံ ထပ်မံရရှိ

ကင်ဘာရာ ဩဂုတ် ၁

 ဩစတြေးလျနိုင်ငံရှိ အဓိကမြို့ကြီးများတွင် အသွားအလာ ပိတ်ဆို့ကန့်သတ်မှု ပြုလုပ်ထားစဉ် ဩစတြေးလျနိုင်ငံသည် နောက်ထပ်ကိုဗစ်-၁၉ ကာကွယ် ဆေးတစ်သန်း ရယူ နိုင်ခဲ့သည်ဟု သိရသည်။

ဝန်ကြီးချုပ် စကော့မော်ရစ် ဆင်က ဩဂုတ် ၁၅ ရက်တွင် သဘောတူညီမှုပြုလုပ်ထားနိုင်ပြီ  ဟုပြောကြားခဲ့သည်။ ပိုလန်နိုင်ငံ နှင့် သဘောတူညီမှုရရှိပြီးနောက် ဩဂုတ် ၁၅ ရက် ညပိုင်းတွင် ကိုဗစ်- ၁၉ ကာကွယ်ဆေး တစ်သန်း ဩစတြေးလျသို့ ရောက်ရှိလာမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါကိုဗစ်-၁၉ကာကွယ် ဆေး တစ်သန်းကို အသက် ၂၀ နှင့် ၃၉ နှစ်ကြား ပြည်သူများကို ဦးတည်အုပ်စုများ သတ်မှတ်ကာ ထိုးပေးသွားမည်ဟု သိရသည်။

ဆေးဘက်ဆိုင်ရာအရာရှိအကြီး အကဲဖြစ်သူ ပေါ်လ်ကယ်လီ၏ အကြံပြုချက်အရ ဆစ်ဒနီသို့ ကာကွယ်ဆေး အလုံးရေ ၅၃၀၀၁၀ ဖြန့်ဝေပေးမည်ဖြစ်ပြီး အဆိုပါဒေသမှာ ယခုအခါ ကိုဗစ်၁၉ ကူးစက်မှုများပြားနေသည့် နေရာလည်း ဖြစ်သည်။

ကာကွယ်ဆေးထိုးရန် ရည်ရွယ်ထားသည့် လူငယ်အသက်အပိုင်းအခြားမှာ ဩစတြေးလျလုပ်သား အင်အား၏ ကျောရိုးဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့သည်။

ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်း အထိ ဩစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ကူးစက်ခံရသူ ၃၈၆၅၇ ဦးအထိ ရှိပြီဖြစ်သည်။ ဩဂုတ် ၁၅ ရက်တွင် နယူးဆော့ဝေး ပြည်နယ် ဆစ်ဒနီမြို့တွင် ဒေသတွင်းနောက်ထပ် ကူးစက်ခံရသူ ၄၁၅ ဦးရှိပြီး သေဆုံးသူလေးဦး ရှိသည်ဟု သိရသည်။

ဆင်ဟွာ