ကိုဗစ်-၁၉ ကာလအတွင်း အိမ်တွင်းမှုမှိုစိုက်ပျိုးထုတ်လုပ်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိ

ကြို့ပင်ကောက်  ၄  မေ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန် အိမ်တွင်းမှုမှိုစိုက်ပျိုးထုတ်လုပ်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ငွေနှင်းမှိုစိုက်ပျိုးသည့် ကိုအောင်အောင်ထံမှသိရသည်။

 

အဆိုပါငွေနှင်းမှိုစိုက်ပျိုးသောလုပ်ငန်းသည် အိမ်ထဲမှာသာ ပြုလုပ်ရသောကြောင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါအတွက် Stay Home နေထိုင်လုပ်ကိုင်ခြင်းအားဖြင့် မိသားစုစီးပွားရေးအား အထောက်အကူပြုကြောင်း သိရသည်။

 

ငွေနှင်းမှိုကိုစတင်စိုက်ပျိုးချိန်မှ ငါးရက်အတွင်းမှိုစတင်ထွက်ရှိပြီး သုံးလခန့်ကြာသည့်အထိ ပျိုးထုပ် ၅၀ဝ ထုပ်ကို တစ်နေ့လျှင် သုံးပိဿာမှ ငါးပိဿာ အကြားထွက်ရှိကြောင်း ဖောက်သည်ဈေးအဖြစ် တစ်ပိဿာလျှင် ၂၅၀ဝ မှ ၃၀ဝ၀ ကျပ်သွင်းရပြီး လက်လီဈေးမှာ ၄၅၀ဝ မှ ၅၀ဝ၀ ကျပ်ရောင်းချရကြောင်း ပျိုးထုပ်တစ်ထုပ်၏ရင်းနှီးငွေမှာ ၂၅၀ ကျပ်ခန့်သာရှိကြောင်း ငွေနှင်းမှိုစိုက်ပျိုးရန်အတွက် လိုအပ်သော ကုန်ကြမ်းများမှာ လွှစာ၊ ဖွဲနု၊ ပဲဖက်၊ ပဲဖွဲ၊ သကြား၊ ထုံး၊ ဆားခါးတို့ကို အချိုးကျရောစပ် ပျိုးထုပ်ထုပ်ပြီး စိုက်ပျိုး၍ရကြောင်း ရရှိလာသော ငွေနှင်းမှိုပျိုးထုပ်များကို အလင်းရောင်အနည်းငယ်နှင့် လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့ ဆယ်ပေပတ်လည်အခန်းတစ်ခုလျှင် ပျိုးထုပ် ၅၀ဝ ခန့် စိုက်ပျိုးနိုင်ကြောင်းသိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)