ကိုဗစ် - ၁၉ ကာလအတွင်း ဆောင်ရွက်ထားရှိချက်များ (Tariff)

မတ် ၃၁


၁။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန သည် ကိုဗစ် - ၁၉ ကာလအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူမှ ကျယ်ကျယ်ပြန့်ပြန့် ရရှိရန် အထောက်အကူပြုစေရေး၊ Work From Home ပြုလုပ်သူများအတွက် ဆက်သွယ်ရေးကိစ္စရပ်များ အဆင်ပြေစေရေး၊ အများပြည်သူများ သက်သာသောနှုန်းထားဖြင့် ဆက်သွယ်ပြောဆိုနိုင်ရေးတို့ကို ရည်ရွယ်၍ မိုဘိုင်းဝန်ဆောင်ခ နှုန်းထားများအတွက် ထားရှိရမည့် အနိမ့်ဆုံးနှုန်းထား သတ်မှတ်ချက်ကို (၂၇-၃-၂၀၂၀) မှ (၃၀-၆-၂၀၂၀) ထိ ဖြေလျော့ပေးခဲ့ပြီး အော်ပရေတာများအနေဖြင့် ယခုကာလအတွင်း မိမိတို့၏ အကျိုးစီးပွားကို အဓိကမထားဘဲ အများပြည်သူများ သက်သာသော နှုန်းထားဖြင့် သုံးစွဲနိုင်ရေးအတွက် ဝန်ဆောင်ခ နှုန်းထားများ လျှော့ချဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ပါသည်။

 

၂။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အော်ပရေတာများထံ ဝန်ဆောင်ခနှုန်းထားများ လျှော့ချရန် တိုက်တွန်းခဲ့ပြီးနောက် မိုဘိုင်းဝန်ဆောင်ခ နှုန်းထားများ လျော့ပေါ့ပေးခြင်းကို မိုဘိုင်း အော်ပရေတာများမှ ဆောက်ရွက်ပေးခဲ့ရာ (၃၁-၃-၂၀၂၀) ရက်နေ့အထိ ဆောင်ရွက်နေမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

Ref; Posts and Telecommunications Department